ညောင်တုန်းမြို့နယ် ၄ရပ်ကွက် မူလတန်းကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား အစားအသောက် လုံခြုံစိတ်ချစေရေးအတွက် ၁၃-၈-၂၀၂၅ နေ့နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိက ကျောင်းကျန်းမာရေး ကော်မတီဝင်များပူးပေါင်း၍  ကျောင်းမုန့်ဈေးတန်းရှိ အစားအသောက်များကို ယင်မနားအောင် ဖုံးအုပ်ထားခြင်းရှိ/မရှိနှင့် သန့်ရှင်းသပ်ရပ်ခြင်းရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချနေ သူများအား အစားအသောက်ဘေးအန္တရာယ်ကင်းရေး၊ ကျန်းမာရေးထိခိုက်စေသည့် ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက် အဓိက ဆောင်ရွက်ရမည့်အချက်(၅) ချက်ပါဝင်သည့် လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

      ဆက်လက်၍ ဆိုင်များတွင် ရောင်းချနေသော အသားတုနှင့် ခေါက်ဆွဲဖက်တို့တွင် ခွင့်မပြုကြာရှည်ခံ ဓာတုဆေးများ ပါဝင်ခြင်း ရှိ/မရှိကို  ယိုစုံနှင့်ဂျယ်လီများအား ခွင့်မပြု ဓာတုဆိုးဆေးများပါဝင်ခြင်း ရှိ /မရှိ စစ်ဆေးခဲ့ကြပြီး  ကျောင်းသား/သူများအတွက် မရောင်းချရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)