သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Aug 2023

     ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ ဇီးကုန်းမြို့နယ်၌ (၂၈.၇.၂၀၂၃) ရက်နေ့ ၊ နေ့လယ် (၁၅ : ၃၀) နာရီတွင် မြို့နယ်အတွင်း ကိုယ်တိုင်  ၊ စိုက်ပျိုး ၊ မွေးမြူသူများအား သွင်းအားစုပြတ်လပ်မှုကြောင့် လုပ်ငန်းတိုးတက်မှု အခက်အခဲမရှိစေရေးနှင့် သင့်တင့်သော ဈေးနှုန်းဖြစ်စေရေးအတွက် ဆန်စက်လုပ်ငန်းရှင်များကို သက်ဆိုင်ရာဌာနများနှင့် ကူညီဆောင်ရွက်ဆွေးနွေးခဲ့ပါသည်။

09 Aug 2023

     ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်တွင် အစေ့ထုတ်ပြောင်း စိုက်ဧက (၈၈၇၉) ရှိရာ ထွက်ရှိလာသော အစေ့ထုတ်ပြောင်းများအား ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ခြင်း၊ တောင်သူများမှ လည်း ကုန်သည်ကြီးများထံတွင်အပ်နှံပြီး မိမိတို့လိုအပ်သောအချိန်နှင့်  ပြောင်းဈေးကောင်းရရှိသည့်အချိန်တို့တွင် ပြန်လည်ရောင်းချလျက်ရှိရာ ယခုအခါတွင် ပြောင်းတစ်တင်းဈေးနှုန်းမှာ ပိဿာ(၂၀)လျှင် (၂၃၀၀၀) ကျပ် ဈေးရရှိနေပါသည်။

09 Aug 2023

    ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်တွင်းပြည်ပမှတင်သွင်းလာသော ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အစဉ်ဆောင်ရွက်လျက်ရှိရာ (၂၆.၇.၂၀၂၃) ရက်နေ့တွင် အုတ်ဖို မြို့ရှိ မြို့မဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လုပ်ဆောင်ခဲ့ကြပါသည်။

09 Aug 2023

       ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊  လက်ပံတန်းမြို့တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်၍ (၂၆.၇.၂၀၂၃) ရက်နေ့ ၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့နယ် ကျွန်းကလေးကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ Royal Pine Hill ဟိုတယ်၌ ပဲခူးတိုင်းဒေသကြီးအနောက် ဆန်စပါးလုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ Exporter များ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို က

09 Aug 2023

      စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို၊ ဒု-ဦးစီးမှူး ဒေါ်ကြည်ကြည်ချိုနှင့် ဒု-ကြီးကြပ်ရေးမှူး ဦးဝင်းထွဋ်လွင်တို့သည် (၃၁.၇.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကံကြီးလမ်း မင်းထက်ရှိန်ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Pages