
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် အသေးစား၊ အလတ်စား ပြည်စုံအောင် ပဲမုန့်လုပ်ငန်းကို အမှတ် ၁၃ရပ်ကွက် အောင်ဇေယျာလမ်းတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။ ပိုင်ရှင်မှာ ဦးရှင်းသန့်ကို ဖြစ်ပြီး လုပ်ငန်းကို လုပ်သား ၅ဦးဖြင့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ပဲမုန့်လုပ်ငန်း ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဖြန့်ဖြုူမှုကို လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ လေ့လာခဲ့ရာ ပါဝင်ပစ္စည်းများမှာ ကိတ်၊ ဂျုံ၊ သကြား၊ ကုလားပဲခြမ်း၊ ကပ်စေးနှဲ၊ ကုန်ကြမ်းများကို ဓနုဖြူမြို့နယ်အတွင်း အလွယ်တကူ ဝယ်ယူရရှိ သည်။ ပြုလုပ်ပုံမှာ ကုလားပဲခြမ်းကို ပြုတ်၍ စက်နဲမွေပြီး သကြား ကပ်စေနဲ့ ထည့်ရပြီး ဆီအနည်းငယ်ထည့်ရသည်။ ဂျုံနှင့် ပဲနှစ်ကို လုံး၍ မီးဖုတ်ဖိုထဲသို့ထည့်ကာ မုန့်ပြုလုပ်ကြောင်း ၁နှစ် ရင်းနှီးမြုပ်နှံမှု မှာ (၁၂၀)သိန့် ခန့် ကုန်ကျကြောင်း လုပ်ငန်းရှင်မှ ရှင်းပြသည်။ ၁နှစ်ထုတ်လုပ်မှု ၃၆၀၀၀ ဗူး ရရှိပြီး ၁ဗူးလျှင် ပဲမုန့် ၁၁ခုပါ စက္ကူဗူးထုတ်ပိုးခြင်း၊ ၅ခုပါ ပဲမုန့် ထုပ်ပိုးကြောင်း သိရသည်။
ဈေးနှုန်း အနေဖြင့် ၁၁ခုပါပဲမုန့် ၁ဗူးလျှင် ၄၃၀၀ ကျပ်၊ ပဲမုန့် ၅ခုပါ ကော်ဗူးဖြင့် ၂၂၀၀ကျပ် ရောင်းချသည်။ နေ့စဉ် ထုတ်လုပ်ရောင်းချနေပြီး ၁နေ့လျှင် ၂သိန်း ဝန်းကျင် အကျိုးအမြတ်ကျန်ရှိ၍ ၁နှစ် လျှင် ၇၂၀ သိန်း နီးပါး အကျိုးအမြတ် ကျန်ရှိကြောင်း သိရသည်။ ပဲမုန့်လုပ်ငန်းသည် ကုန်အညွှန်းအမှတ်အသား တင်ပြထားပြီးဖြစ်ပြီး ဒေသတွင်းရောင်းချခြင်း၊ ရန်ကုန်နှင့် ၊ ဟင်္သတဘက်သို့ ဖြန့်ဖြူးသော ကိုယ်စားလှယ်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)