သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Jul 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅.၇.၂၀၂၂)နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commumity Center ခန်းမတွင် Talk Show အစီ အစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။

25 Jul 2022

          စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၅.၇.၂၀၂၂) ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး၌ မုန့်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး  ဟောပြောဆွေးနွေးခဲ့ပါသည်။

25 Jul 2022

         ကချင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊  မြစ်ကြီးနားခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၈.၇.၂၀၂၂ရက်နေ့ နေ့လယ် ၁၃:၀၀နာရီအချိန်မှ ၁၃:၄၅နာရီအချိန်ထိ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်ရှိ အ.မ.က(၄)ကျောင်းတွင် ဆရာ၊ဆရာမများနှင့်ကျောင်သား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

25 Jul 2022

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများသည် ၁၈.၇.၂၀၂၂ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဗန်းမော်မြို့ရှိ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ဆန်းခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

25 Jul 2022

        GANO  အမှတ်တံဆိပ် အမည်တူ တရားမဝင်ထုတ်ကုန်များရောင်းချမှုရှိ/မရှိ စိစစ်ခြင်းကို (၁၃-၇-၂၀၂၂)နေ့တွင် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန မင်းပြားမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မင်းပြားမြို့ မြို့မဈေးအတွင်း၌လည်းကောင်း၊ (၁၈.၇.၂၀၂၂)နေ့တွင် စစ်တွေမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် စစ်တွေမြို့ မြို့မဈေးနှင့် မကျည်းမြိုင်ဈေးအတွင်း၌ လည်းကောင်း၊ သံတွဲခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သံတွဲမြို့ ဒွါရာဝတီဈေးအတွင်း၌ လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပ

Pages