သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာရှိ ‘ရဲထွန်း’ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏လုပ်ငန်းခွင်၌ ဇူလိုင်လ၂၇ရက်နေ့၊ နံနက်( ၁၀:၀၀) နာရီအချိန်တွင် စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) စက်ရုံအား ကြည့်ရှု့ စစ်ဆေးခြင်းကို ဒိုက်ဦး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စားသုံးသူပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် သက်သာသောနှုန်းထားဖြင့် ဆန်နှင့်ဆီများရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

(၂၅-၇-၂၀၂၃) ရက်နေ့တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ စည်ပင်သာယာဈေးအတွင်းသို့သွားရောက်၍ ဈေးအတွင်းရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးကို မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာ၊ ရဲထွန်းဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏လုပ်ငန်းခွင်၌ ဇူလိုင်လ (၂၂) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် စပါးခွံစွန့်ပစ်ပစ္စည်းသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်လာစေရေး အရင်းအနှီးရရှိရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
