ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရွှေဘိုတန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၁၃.၈.၂၅ ရက်နေ့၊ နံနက် (၁၁ :၃၀) အချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရွှေဘိုတန်းကျောင်းသို့ သွားရောက်၍ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းမုန့်ဈေးတန်းကြီးကြပ်ရေးကော်မတီ ဆရာမများနှင့် အတူ ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းတွင်ရောင်းချသော ကျောင်းမုန့်ဈေး ရောင်းချသူများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ၊ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပါရှိသော မုန့်များကိုသာရောင်းချရန်နှင့် တားမြစ်ထားသော မုန့်များအား မရောင်းချရန်၊ မြန်မာ့မုန့်များကိုသာ ဦးစားပေးရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)