
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြား ရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ (၁၇.၈၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မင်းဘူးမြို့၊ ကျောက်တန်းကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးမှ စားသုံးသူရေးရာဦးစီး ဌာန ပေါ်ပေါက်လာပုံ အကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသော ကုန်စည်များတွင် အမျိုးအမည်၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲစသည့် အချက်အလက်များ ပြည့်စုံစွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်၊ Online Saleရောင်းချသူများ အား Onlineမှတ်ပုံတင်လျှောက်ထားဆောင်ရွက်ရန်နှင့် လိုအပ်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါ ကြောင်း၊ Facebook Page ဖြစ်တဲ့ DOCA Myanmar Pageတွင်လည်းကောင်း၊ မိမိတို့ဌာနခရိုင်တာဝန်ခံရုံး စားသုံးသူသတင်းပြန့်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင်လည်းကောင်း၊ မိမိတို့ဌာန Websiteဖြစ်တဲ့ www.doca.gov.mm တွင် လည်းကောင်း၊ Call Center No.1535တွင် ဖုန်းခေါ်ဆို၍ အထောက်အထားအပြည့်စုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်း နိုင်ကြောင်းတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
