တောင်ကြီးမြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် နံနက်(၁၁:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့အတွင်း ဈေးကွက်အတွင်းသို့  ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်ဌေး(ရုံးအုပ်)ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့အတွင်း နေထိုင်ကြသောပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေး များတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ  ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြင့်တင် ရောင်းချမှု့ရှိ/မရှိ၊ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်အတွင်း ဆေးများ ပြတ်လပ်ခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့်ဆေးနှင့် ဆေးပစ္စည်းတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)