သတင်းနှင့် လှုပ်ရှားမှုများ
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၁-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲအား ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ မြို့မစည်ပင်သာယာဈေးကြီးတွင် (၁၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ ဈေးအတွင်းအပြင်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် စတိုးဆိုင်များတွင်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိ/မရှိကို (၁၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးကဦးဆောင်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

မန္တလေးတိုင်းဒသကြီး၊ ငါန်းဇွန်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အမှတ် (၄)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၂၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောဆွေးနွေးပွဲဆောင်ရွက်ပေးခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့တွင် (၁၃-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ ငါန်းဇွန်မြို့၊ မြို့မဈေးနှင့်ဈေးအတွင်းအပြင်ရှိ စားသုံးဆီရောင်းချသောဈေးဆိုင်များအား စားသုံးဆီများနှင့်ပတ်သက်၍ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊ ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိတို့ကိုကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
