ထားဝယ်မြို့ တဂူသိမ်စျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့၊ နံနက်(၀၈း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တဂူသိမ်စျေးအတွင်းရှိ ကုန်စုံဆိုင်များအား သက်ဆိုင်ရာဌာနများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စျေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပါရှိမှုရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများရောင်းချမှုများ ရှိ/မရှိ များ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။   

DOCA(တနင်္သာရီ)