
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကျောင်းနေအရွယ် ကလေးများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ် အသားပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၁၁.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းရှိ မုန့်မျိုးစုံရောင်းချသည့် ဈေးဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ ဦးမြတ်မင်းက မြန်မာ့ရိုးရာအစား အစားရောင်းချနေသည့် ကျောင်းဈေးသည်များအား အစားအသောက်ကို လုံခြုံစွာဖုံးအုပ်၍ ရောင်းချ စေလိုကြောင်း၊ အစားအစာများကို ကိုင်တွယ်ရာတွင် တခါသုံးလက်အိတ်များဖြင့် အသုံးပြု၍ သန့်ရှင်း သပ်ရပ်စွာရောင်းချစေလိုကြောင်း၊ အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့်လုပ်ငန်းရှင်များကို လည်း ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထား ခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များရောင်းချရန်နှင့် သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)