ညောင်တုန်းမြို့နယ်တွင် ကျန်းမာရေးသုံး ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင် FDAမှ ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြိုန့ယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပါဝင်ပြီး ၁၂-၈-၂၀၂၅ ရက်နေ့ နံနက် ၉နာရီက ညောင်တုန်းမြို့နယ် ၅ရပ်ကွက်၊ ၆ရပ်ကွက်၊ ၇ရပ်ကွက်နှင့် ၉ရပ်ကွက်အတွင်း ဆေးဆိုင် (၁၁)တိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင် FDAမှ တာဝန်ရှိသူက ဆေးဆိုင်များတွင် ရောင်းချနေသော ဈေးများတွင် မြန်မာ နိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် ကြည်ရှုစစ်ဆေးခြင်း ဆရာဝန်ညွှန်ကြားချက်မလိုသော ဓါတ်ဆားထုတ်၊ အားဆေး၊ အဖျားပျောက်ဆေး၊ သာမာန်အကိုက်အခဲပျောက်ဆေးတို့ကို စစ်ဆေးခြင်း၊ POM ဆေးများကို ဆရာဝန် ညွန်ကြားချက်ဖြင့်သာ ရောင်းချကြရန်၊ လိုင်စင်ရဆေးဆိုင်များ ဆေးဘက်ဆိုင်ရာ ဆေးညွှန်စာပါမှ သာရောင်းချရန်ပြေကြားခြင်း၊ ဆေးဝါးအမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်လွင်က စစ်ဆေးရာတွင် အမိန့်ကြော်ငြာစာ အမှတ် ၂၁/၂၀၂၀ ကုန်စည်အပေါ်တားမြစ်ထုတ်ပြန်ချက် ရောင်းချနေသော ဆေးဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ ဆေးများကို သိုလှောင်ခြင်း မပြုရန်ဆိုင်ရှင်များအသိပေးခဲ့ပြီး ဈေးကွက်အတွင်းဆေး ဈေးနှုန်းများ တည်ငြိမ်စွာ ရောင်းချနေကြောင်း စိစစ်တွေ့ရှိရသည်။

          ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနက ဆေးဆိုင်များအား စစ်ဆေးရာ ဆေးဆိုင်လိုင်စင်ရှိ/မရှိ၊ ယင်းဆိုင်များမှ ရောင်းချလျက်ရှိသော ဆေးဝါးများတွင် FDA ၏‌ ထောက်ခံချက်နှင့် ခွင့်ပြုထားသော မှတ်ပုံတင်ကုန်အမှတ်တံဆိပ်ရှိ/မရှိ၊ အညွှန်းများ၊ ထုတ်လုပ်ရက်စွဲများ၊ သက်တမ်းကုန်ဆုံးရက်စွဲများ ပြည့်စုံမှန်ကန်မှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အချက်အလက်အမှတ်အသားများ ပြည့်စုံမှန်ကန်မှုမရှိသော ဆေးဝါးများအား မရောင်းချကြရန်နှင့် ရောင်း၀ယ်မှုများတွေ့ရှိပါက ပြဋ္ဌာန်းထားသော ဆေးဝါးထုတ်လုပ်သုံးစွဲမှုဆိုင်ရာ ဥပဒေများ၊ စားသုံးသူရေးရာဦးစီးဌာန၏ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေး သတိပေးမှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)