သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Jul 2022

         စားသုံးသူ ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုပါသည်။

15 Jul 2022

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၇.၂၀၂၂) ရက်နေ့တွင် မော်လမြိုင်မြို့ မြိုင်ရတနာနှစ်ထပ်ဈေးရှိ အလှကုန်ပစ္စည်းများရောင်းချခြင်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

15 Jul 2022

            မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် သထုံ-ဘားအံ လမ်းပေါ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရေးလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

14 Jul 2022

             စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ၊ကလေးခရိုင်ဦးစီးမှူးဒေါ်သန်းသန်းဝင်းသည် ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး Talk Show အား  ( ၁၃.၇.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

14 Jul 2022

          ရခိုင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း   (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  ဇူလိုင်လ (၁၁)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ် အမကကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

Pages