ပန်းတနော်မြို့နယ်တွင် ဟင်းချက်ရာတွင် အသုံးပြုသော ဟင်းခတ်မှုန့် အမျိုးမျိုးနှင့် အရသာမှုန့် အမျိုးမျိုးအား ကုန်အညွှန်း စစ်ဆေးခြင်း

Powered by Drupal

     ပန်းတနော် မြို့အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးရန်မသင့်သည့် စားသောက် ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အတွက် (၁၂-၈-၂၀၂၅) ရက်နေ့ နံနက် ၉ နာရီက ပန်းတနော်မြို့ရှိ မြို့မဈေးရှိကုန်စုံဆိုင်များအား ကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိ ရသည်။

     ထိုသို့လိုက်လံစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများ၊  ၊မအူပင်ခရိုင်ရုံး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကျန်းမာရေးဦးစီးဌာန စည်ပင်သာယာရေးအဖွဲ့ ၊ အဖွဲ့များလိုက်ပါလျက် ပန်းတနော်မြို့ ပေါ်ရှိ ရောင်းချလျက်ရှိသည့် စားသောက်ကုန်အရောင်းဆိုင်များနှင့် ဟင်းချက်ရာတွင် အသုံးပြုသော ရသာမှုနှင့် ဟင်းခတ်အမွေးအကြိုင် ကုန်ပစ္စည်းအရောင်းဆိုင် များတွင် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ မဖော်ပြသည့် ကုန်ပစ္စည်းများရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ် လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အ စား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ၊ အစရှိသည့်အသေးစိတ်အချက်အ လက်များကို ဖော်ပြထားခြင်းရှိ/မရှိ၊ FDA ညွှန်ကြားချက် အတိုင်း လိုက်နာမှု ရှိ/မရှိနှင့် ဟင်းခတ်အမွေးအကြိုင်နှင့် ဟင်းခတ်အချိုမှုန့်များ ထောက်ခံချက်ပါဝင်မှု ရှိ/မရှိကို လိုက်လံစစ်ဆေးပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)