သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် စားအုန်းဆီဈေးများ ဆက်လက် မြင့်တက်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်တတိယပတ်ကာလတွင် စားအုန်းဆီတစ်ပိဿာလျှင် ၆၇၀၀-၆၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇူလိုင်တတိယပတ်ကာလတွင် စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၀၀-၇၂၀၀ ကျပ်ထိ ဈေးနှုန်းဆက်လက်မြင့်တက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဖြူးမြို့ နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးလျက်ရှိပါသည်။

တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာဌာနများအလိုက် သိသင့်သိထိုက်သည့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကိုကျင်းပပေးလျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာတာဝန်ခံ ဦးကျော်ဆန်းဝင်း (ဦးစီးမှူး)သည် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင်မှ ဒု-ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် (ဦးစီးအရာရှိ)နှင့် ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်း ( ဒု-ကြီးကြပ်ရေးမှူး) တို့နှင့် ပူးပေါင်း၍ ၂၁.၇.၂၀၂၃ ရက်နေ့၊ နံနက် (၀၉:၃၀) မှ (၁၀:၃၀) နာရီထိ ပဲခူးမြို့၊ အမှတ် (၂) ကျောင်းခန်းမ၌ ဦးကျော်ဆန်း

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂၄.၇.၂၀၂၃)ရက်နေ့ နံနက်(၁၀:00)နာရီအချိန်တွင် ဒေသထွက် ရိုးရာအစားအစာများဖွံ့ဖြိုး တိုးတက်စေရန်အတွက် မင်းဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာရှိ တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိသော “ကြက်ဥမရွေး”လုပ်ငန်းအား သွားရောက်ကွင်းဆင်း လေ့လာဆွေးနွေးခဲ့ပါသည်။
