သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Jul 2023

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ၂၀၂၃ခုနှစ်၊  ဇူလိုင်လ ၂၁ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် (ရုံးချုပ်) နေပြည်တော်၊ ရုံးအမှတ် (၅၂) ၌ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွန်းနှင့်အတူ Commodity Price Database Software တွင် ကုန်စည်ဒိုင်များရှိ ကုန်ပစ္စည်းဈေးနှုန်းများဖြည့်သွင်းရန် အစည်းအဝေးသို့ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပြည်တွင်းဌာန

28 Jul 2023

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၄-၇-၂၀၂၃) ရက်နေ့တွင် ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာရှိ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

28 Jul 2023

  မွန်ပြည်နယ်၊  သထုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် (၂၁-၇-၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ်၊ ကျောက်တန်းကျေးရွာရှိ မူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရပါသည်။

28 Jul 2023

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကန့်ဘလူမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ “ရွှေစည်တော်မွေးနေ့ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း” သို့သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

28 Jul 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးသည်  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌  ကလေးဝမြို့ရှိ အထွေထွေအုပ်ချုပ်ရေးခန်းမတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ  ဝန်ထမ်း (၄၀) ဦးတက်ရောက်ခဲ့ကြပါသည်။

Pages