သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၅) ရက်နေ့၊ နံနက် ( ၁၀:၃၀ ) နာရီအချိန်တွင် ဝန်ထမ်း( ၅ )ဦးသည် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အမှတ်( ၁ ) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား / ကျောင်းသူ၊ ဆရာ/ဆရာမစုစုပေါင်း (၃၀၀)ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)က စားသုံးသူများတွင် အခွင့်အရေးများရှိကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့

စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဒေသတွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါ သည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ စုပေါင်း၍ ၁၅-၇-၂၀၂၃ ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ် ဦးစီးမှူးရုံးဝန်းအတွင်းရှိ မြေလွတ်နေရာများ၌ သီးပင်စားပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် ဇူလိုင်လ တတိယပတ်တွင် Master Feed Mill ငါးအစာတောင့်စက်ရုံသို့ ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်လမ်းမပေါ်ရှိ ဖြူစင်သန့်ဆန်စက်သို့ ညောင်တုန်းမြို့နယ်ဦးစီးမှုး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၄.၇.၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်သို့ ကွင်းဆင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
