သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Jul 2023

       မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဦးစန်းအောင်(ဒု-ဦးစီးမှူး)သည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်(၁၀း၀၀)နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်၊ မိုးနံကုန်း (အ.လ.က)ကျောင်းတွင်  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

27 Jul 2023

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်းရှိ မြို့မစျေးများနှင့် ရပ်ကွက်များအတွင်းသို့ ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စားသုံးသူများနှင့်စီးပွားရေးလုပ်ငန်းရှင်များကြား သတိပေးချက်တစ်ခု ဖြစ်စေနိုင်ရန်နှင့် စားသုံးသူပြည်သူများ

27 Jul 2023

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းရှာကုန်း(အ.ထ.က) ၌ စားသုံးသူအသိပညာပေးဟောပြောပွဲကို (၂၀.၇.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)တွင် ကျင်းပပြုလုပ်ခဲ့သည်။

27 Jul 2023

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ၂၀၂၃ခုနှစ်    ၊   ဇူလိုင်လ( ၁၈ )ရက်နေ့  ၊ နံနက်(  ၀၉:၃၀  )နာရီ  အချိန်တွင် ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံး၌  ကုန်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်( ၆ )ဦးအား   စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

27 Jul 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ  ဒု-ဉီးစီးမှူး ဒေါ်စန္ဒာမွန်နှင့် ဝန်ထမ်းများသည် ကလေးမြို့နယ်၊ ညောင်ပင်သာရပ်ကွက်ရှိ “ဝင်း” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ခိုင်ဇင်ဉီး၏နေအိမ်သို့ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ( ၁၉ ) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages