သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Jul 2023

   ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၀.၇.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများကို လပွတ္တာခရိုင် (၃)မိုင်မြို့သစ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

27 Jul 2023

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများသည် (၁၈.၇.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် မအူပင်မြို့ မြို့မဈေး၊ မင်္ဂလာဈေး၊ ၃လမ်းဈေးရှိ စားသုံးဆီ ရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၉)သို့ သွားရောက်၍ ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိတို့ကို စားသုံးသူ ကာက

27 Jul 2023

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၀.၇.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်  ဝါးခယ်မမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင်ရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

27 Jul 2023

   ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ် သံဖြူရုံကျေးရွာသူရိန်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

27 Jul 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်မာရေးဦးစီးဌာနတို့   ပူးပေါင်း၍၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အ.မ.က(၅)ကျောင်းတွင် ကျောင်းသား / ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာ‌ပေး ဟောပြောကာ     ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Pages