သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Jul 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၁၇.၇.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီချိန်တွင် ကြံခင်းမြို့နယ် မင်းသီရိရပ်ကွက်ရှိ ဆုံဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

27 Jul 2023

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ (၁၈.၇.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အပတ်စဉ်ဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရုံးအရှေ့တွင် ရောင်းချပေးခဲ့သည်။

27 Jul 2023

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည်  (၂၀.၇.၂၀၂၃)ရက်နေ့၊  နံနက်(၀၈:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ ဆန်စက်လုပ်ငန်းရှင်များကို ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

27 Jul 2023

          ဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးမှ မြို့နယ်တာဝန်ခံဦးသိန်းမောင်  နှင့် ဒုတိယ-ခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်တို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့၊ နံနက်(၁၀:၃၀)  အချိန်တွင် ဒေးဒရဲမြို့နယ် ရွှေဘိုစုကျေးရွာ အ.ထ.က ကျောင်းရှိ ဆရာ /ဆရာမ (၁၂)ဦးနှင့် ကျောင်းသား/                ကျောင်းသူ (၁၅၀)ဦး၊ စုစုပေါင်း(၁၆၂)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

27 Jul 2023

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အင်းမကျေးရွာ အ.ထ.က ကျောင်းတွင် လူငယ်အသိပညာပေးခြင်း၊ စားသုံးကာကွယ်ရေးသိကောင်းစရာများအကြောင်းကို (၂၀.၇.၂၀၂၃) ရက်နေ့ နံနက် (၀၉:၀၀)အချိန် မှ (၁၂:၀၀)အချိန် ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၁၂၀)ဦး ကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြပါသည်။

Pages