သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးရုံများနှင့်တွဲလျက်ဖွင့်လှစ်ထားရှိသော ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် ကလေးမြို့တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကလေးမြို့ရှိ လျှပ်စစ်ဦးစီးဌာနသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်ဝန်ထမ်း (၁၂) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးကျင်းပသော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းကို ဇူလိုင်လ(၂၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/သူ(၃၅)ဦး၊ ဆရာမ(၅)ဦး၊ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ပြီး၊ အဆိုပါသင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများကို သင်တန်းတစ်ချိန် ဟောပြောဆွေးနွေးခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ (၂၀.၇.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့် မားစေရန်ရည်ရွယ်၍ (၉/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၉)ဦး တက် ရောက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့်ပူးပေါင်း၍ တရားမဝင် အစားအသောက်များအား စျေးကွက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာ၌ Online Media ဖြင့် Nestle Cerelac အမှတ်တံဆိပ် Instant Cerel with Milk(ပဲပိစပ်နှင့်သစ်သီး) Instant Cerel with Milk(ဂျုံ၊ငါးနှင့်ဟင်းနုနွယ် )Grain & Grow Oatmel အ