
၁၄.၈.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်၊ ဂျုံးဂျုံးဂျလမ်းရှိ “EVER GREEN” သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်း ရှင်များလိုက်နာရမည့်တာဝန်များ၊ လက်ရှိထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချနေသည့် အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့်အချက်များအား ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
DOCA (မွန်)