သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၈.၇.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အခြေခံကွန်ပျူတာနည်းပညာသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးသည် (၁၈.၇.၂၀၂၃)ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီချိန်တွင် လေးမျက်နှာမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မုန့်ဖတ်လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် ထွန်းတောက်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ဝယ်ယူစားသုံးစေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ် ပတုတ်ကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမ ၁၃ ဦး၊ ကျောင်းသား/သူ ၂၈၀ဦးအား (၁၈.၇.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
