သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်မာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့(၉)ရက်ကွက်ရှိ TTA ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား / ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ငရုတ်ကောင်းကျေးရွာရှိ လူမွန်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် သောင်တန်းကျေးရွာ သင်ဖျာလုပ်ငန်းရှင် (၇)ဦး အား စားသုံးကာကွယ်ရေးသိကောင်းစရာများအကြောင်းကို (၂၁.၇.၂၀၂၃) ရက်နေ့ ၊(၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ နယ်၊ မြို့နယ်ဦးစီးမှူး ရုံးခန်းမတွင် ဆန်စက်လုပ်ငန်းရှင် (၁၂)ဦးနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးပွဲကို (၂၁.၇.၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၄၅)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့် ဦးဆောင်သောအဖွဲ့သည်(၂၀.၇.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် သရက်မြို့၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်ရှိ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူ(၁၈၅)ဦး၊ ဆရာ/ ဆရာမ(၁၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
