
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို လစဉ်အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၂)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် အ.မ.က ပေကုန်းကျောင်းတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စားသုံးသူအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာ ကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ဟောပြောပွဲတွင် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက တက်ရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်များဖြစ်သော ကလေးများ ဗလငါးတန်နှင့် ပြည့်ဝစေရန် စာဖတ်ကြစေလိုကြောင်း၊ နည်းပညာများတိုးတက်နေပြီဖြစ်သော ခေတ်ကာလတွင် Phone များအသုံးပြု၍ ဂိမ်းများဆော့နေမည့်အစား အသိပညာရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှု့ခြင်းဖြင့် အသိပညာများ တိုးတက်လာမည်ဖြစ်ကြောင်း ဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ယခုလိုမိုးတွင်းကာလအချိန် တွင် ကလေးများကျန်းမာရေးကို ဂရုစိုက်ကြစေလိုကြောင်း၊ ကလေးများအသိပညာများ တိုးတက်စေရန် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရန် အစားအစာများကို ရွေးချယ် ဝယ်ယူကြစေလိုကြောင်း ကလေးများသည် စားသုံးသူအခွင့်အရေးများရှိကြောင်း စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းပေးနေပြီဖြစ်ကြောင်း ကလေးများ၏ အသက်အရွယ်နှင့်ညီသော ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဖြိုးခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)