
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ရုံးအုပ်) နှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ ငရုတ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး (၁၂-၈-၂၀၂၅ ) ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောငရုတ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉ ) နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ုကုန်)