မြိတ်မြို့၊ နောက်လယ်ရပ်(၁၁)လမ်းတွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသောလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ အွန်လိုင်းမှတ်ပုံတင် လျှောက်ထားသော အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများရောင်းချနေသာလုပ်ငန်းသို့ သွားရောက် ၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသော အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများရောင်းချနေသာလုပ်ငန်းသည် မှန်ကန်ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာထောက်ခံချက်များရှိ/မရှိ၊ တရားမဝင်ကုန်စည်များရောင်းချနေခြင်းရှိ/မရှိနှင့် အွန်လိုင်း ဖြင့်ရောင်းချပါက လိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)