သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးတို့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ Talk Show ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
မော်လမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်နှင့် အကြီးတန်းစာရေး ဒေါ်အိအိစမ်းတို့သည် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ် တာဝန်ခံ ဒေါ်သင်းသင်းဆွေသည် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ၁၆.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှာ ကျင်းပပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် ၂၀.၁၂.၂၀၂၂ ရက်နေ့ နေ့လယ် ၁၁း၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်ရှိ (မိုးညှင်း- မြစ်ကြီးနား) မော်တော်ယာဉ်လိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်တာဝန်ခံ၊ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၂) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဂွမြို့၊ မြို့မရပ်ကွက် သိမ်တမံအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။