သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်တာဝန်ခံ၊ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၂) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဂွမြို့၊ မြို့မရပ်ကွက် သိမ်တမံအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့တွင် ပညာပေးအစီအစဉ်အဖြစ်ထုတ်လွှင့်ခြင်းဖြင့် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ နစ်နာဆုံးရှုံး မှုများရှိလာပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ တောင်းဆိုနိုင်သည့် အခွင့်အရေးများကို စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စားသုံးသူဆိုတာဘာလဲ? သတင်းခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း မြန်မာ့အသံ ရုပ်မြင်သံကြား
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဦးလေးလွင်သည် (၁၂.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀း၃၀)နာရီတွင် အိမ်မဲမြို့နယ်၊ ဆိတ်ချေးကုန်း ကျေးရွာ အမက(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၃.၁၂.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃း၃၀)နာရီက ဝါးခယ်မမြို့နယ် ဘိုဘေးအညာစု အလက(ခွဲ)ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက် ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၁၄.၁၂.၂၀၂၂) ရက်နေ့ နေ့လယ် (၀၉း၃၀)နာရီတွင် လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်၊ မူလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမများအား စားသုံးသူ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။