သတင်းနှင့် လှုပ်ရှားမှုများ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ ဆန်လိုအပ်မှုအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ MV ရတနာခိုင်ထွန်း(၈) ရေယာဉ်ဖြင့် ဆန်တန်(၃၃၅)၊ အိတ်ရေ(၆၇၀၀) သည် မြိတ်မြို့သို့ (၁၇.၅.၂၀၂၄)ရက်နေ့တွင် သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

၂၁.၅.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ရှိ အိမ်တွင်းမှုသင်တန်း ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့်အတူ သင်တန်းသား/သူ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမင်းဇော်၊ အုတ်တွင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းထိန်း-၄ ဦးထွန်းအောင်ကျော်တို့နှင့်အတူ (၁၇-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများ၊ ဆန်အရောင်းဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေးနှင့် ဌာနမှထုတ်ပြန်ထားရှိသည့်ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအားရှင်းလင်းဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၅-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦ
