သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၈-၅-၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မြို့နယ်စာသုံးသူရေးရာတာဝန်ခံရုံး၌ မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ် ဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးသည် ဧပြီလ (၁၉)ရက်၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် သီဟိုဠ်အသင်းနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ရေကြည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဧပြီလ (၁၈)ရက်၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေး ဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ မြို့မစည်ပင်ဈေးအတွင်းတွင် ရေကြည်မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဧပြီလ (၁၉)ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အသုတ်မြို့ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေး ဟောပြောခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ (၁၇-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဒိုက်ဦးမြို့မဈေးတွင်းတွင် ရောင်းချနေသော ကလေးကစားစရာအရုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းလေ့လာဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြပါသ
