သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 May 2024

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်  ၂၀၂၄ခုနှစ် ၊ မေလ( ၁၇ )ရက်နေ့ ၊  နံနက်(  ၀၉: ၃၀  )နာရီအချိန်တွင်  ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင်  MSMEs လုပ်ငန်းများအကြောင်းသိကောင်းစရာ  Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

24 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၉-၅-၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာအုပ်စု၊ဘုန်းကြီးကျောင်းရှိဓမ္မာရုံ၌ စားသုံးသူပြည်သူ(၆၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

24 May 2024

    ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည်(၂၃.၅.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင် (၃)မိုင်မြို့သစ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

24 May 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် (၁၇-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်မှစ၍ အင်းစိန်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၄ ဦးသန်းထိုက်ဇော်၊ အင်းစိန်ဈေးတာဝန်ခံ ဦးလှသူပါ(၂)ဦးတို့နှင့်အတူ ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

24 May 2024

      ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒု-ရဲမှူးကြီးဝင်းထွေး၏ ဦးဆောင်မှုဖြင့် တိုက်ကြီးခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ခင်အိ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒု-ရဲမှူးဇော်လင်းထွန်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးနိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာချမ်းမြေ့ကျော်၊ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးရဲသွင်ဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်တင်တ

Pages