သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 May 2024

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ဆန်ဈေးနှုန်းများမြင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုတာဝန်ခံနှင့်  မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် ၂၀၂၄ခုနှစ်၊ မေလ ၂၀ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံးများနှင့် ဆန်ဆိုင်ကြီးများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

27 May 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဦးတို့သည် (၂၁-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးတာဝန်ခံနှင့်အတူသွားရောက်၍ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

27 May 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဦးတို့သည် (၂၀-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးတာဝန်ခံနှင့်အတူ စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

27 May 2024

   တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ ဘုရားငါးဆူသာသနာ့ရိပ်သာဘုန်းတော်ကြီးကျောင်းတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်း(၁/၂၀၂၄)အားဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ သင်တန်းသားများ၊ စုစုပေါင်းအင်အား (၅၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း ကျေးလက

27 May 2024

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏ တိုက်ခန်း၌ (၂၃-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၅/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၉)ဦး တက်ရောက်ခဲ့ပါသည်။

Pages