သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၂၁.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းကျေးရွာအုပ်စု၊ တုံးတောကျေးရွာရှိ အုပ်ချုပ်ရေးမှူးအိမ်၌ ဆီစက်လုပ်ငန်းရှင်များအား(၁၈-၅-၂၀၂၄) ရက်နေ့နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည် အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် (၂၁.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီက ချေးငွေထုတ်တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒု-ရဲမှူးကြီးဌေးအောင်၏ဦးဆောင်မှုဖြင့် လှည်းကူးမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဌေး၊ လှည်းကူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမျိုးထွဋ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၄-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၄:၀၀) နာရီအချိန်မှ နံနက်(၀၈:၀

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၁.၅.၂၀၂၄)ရက်နေ့ ၊နံနက်(၁၁:၀၀)နာရီက ဝါးခယ်မမြို့နယ် ကလကျေးရွာ ရှိ ကျေးရွာဥက္ကဌနေအိမ်တွင် ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှကျင်းပသည့် အိမ်တွင်းစက်ချုပ်သင်တန်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။
