သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Dec 2022

        ကရင်ပြည်နယ်၊   စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍   ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်ဘားအံမြို့ပေါ်ရှိ ဆေးဆိုင်များတွင် Diclon-M Tablet (Diclofenac Sodium 50 mg, Paracetamol 500g) ကို ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့သည့်အပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားချက် အရ Onine Medi တွင် ရောင်းချနေသော အန္တရာယ်ဖြစ်စေသည့် တရားမဝင်အစားအသောက

30 Dec 2022

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် (က) စားသုံးသူအသိပညာပေးဟောပြောခြင်းများအား ကျောင်းများ၊ရပ်ကွက်/ကျေးရွာများ၊ဈေးများ၊ စတိုးဆိုင်များတွင်(၁၇၈) ကြိမ်၊ (ခ) ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း(၃၂၁)ကြိမ်၊ (ဂ) လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း(၂၉၅) ကြိမ်၊ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ လက်ခံဖြေရှင်းဆောင်ရွက်မှု (၂၇)မှုဆောင်ရွက်နိုင်ခဲ့ပြီး သတင်းဆောင်း ပါးရေးသားမှု(၅၃၈) ပုဒ်အနက် Commerce Jour

30 Dec 2022

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင် ဦးစီးမှူးသည် ( ၂၄-၁၂-၂၀၂၂)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပဲခူးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် ပိုးသတ်ဆေးဥပဒေဆိုင်ရာ နည်းပညာပေးသင်တန်းတွင် တက်ရောက်သည့်တောင်သူ/လုပ်ငန်းရှင်(၄၈)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

30 Dec 2022

     စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်(၁၁း၀၀) နာရီအချိန်တွင် သာစည်မြို့နယ် ၊ မြို့မစည်ပင်ဈေးခေါင်းရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ရာ (၃၅)ဦး တက်ရောက်ခဲ့ပါသည်။

30 Dec 2022

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်မြို့၊ စည်ပင်သာယာဈေးတာဝန်ခံတို့နှင့်အတူ (၂၃-၁၂-၂၀၂၂)ရက်နေ့တွင် ပြည်မြို့မဈေးအတွင်း ရောင်းချနေသာကုန်မျိုးစုံဆိုင်များရှိ စည်သွပ်အစားအစာဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages