သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Jan 2023

နိဒါန်း

        မြန်မာလူမျိုးတို့၏ နေ့စဉ်စားသုံးနေသည့် ဟင်းလျာများတွင် မပါမဖြစ် ပစ္စည်းတစ်ခုမှာ   “ချင်း”သီးနှံပင်ဖြစ်ပါသည်။ ချင်းသီးနှံကို လူသားတို့အတွက် ကျန်းမာရေးအထူးကောင်း မွန်စေပြီး အထူးသဖြင့် အာရှနွယ်ဖွား တိုင်းရင်းသားများ အများဆုံး စားသုံးကြသော သီးနှံတစ်မျိုးဖြစ်သည်။ ချင်းကို အာရှ နွယ်ဖွားများ၏ ခန္ဓာကိုယ်အပေါ် ကောင်းကျိုးသက်ရောက်မှုရရှိစေရန်အတွက် ရာစုနှစ်များစွာကတည်းက စားသုံးလာသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။

03 Jan 2023

      နိုင်ငံတစ်နိုင်ငံတွင် အစိုးရဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်အစိုးရကို တာဝန်ခံပြီး ပြည်သူများကို ဝန်ဆောင်မှုပေးကြရသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “ပြည်တွင်း ကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရန်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေးဖွံဖြိုး တိုးတက်စေရန်” ဟူသော မျော်မှန်းချက်ထားရှိပြီး စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးလျက်ရှိရာ ဌာနအနေဖြင့်   ပညာပေးရန်၊ ကာကွယ်ပေးရန်နှင့် ဝန်ဆောင်မှုပေးရန်ဆိုသည့် အချက်(၃)ချက်ကိုဆောင်ရွက်ကြရသည်။

02 Jan 2023

        ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၇-၁၂-၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)အချိန်ခန့်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ပြည်နယ်စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဖြိုးဇော်ထွန်း၊ ဒု-ဥက္ကဋ္ဌဦးဝဏ္ဏ၊ အတွင်းရေးမှူးဦးဝေလင်းအောင်တို့သည် ပြည်နယ်အတွင်း ဒေသခံ စားသုံးသူ ပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချရန်အတွက် နိုင်ငံတော်မှ ရည်ညွှန်းဈေးဖြင့် ရောင်းချပေးသည့်  စ

02 Jan 2023

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ရေဦးမြို့၊ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်အား ရေဦးမြို့နယ် တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

02 Jan 2023

              စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် စားသုံးသူ အသိပညာပေး ဗီနိုင်း၊ ပိုစတာ ( ၇)ခုအား မုံရွာမြို့၊ စစ်ကိုင်းမြို့၊ ရွှေဘိုမြို့၊ ကန့်ဘလူမြို့၊ ကလေးမြို့နှင့် ကသာမြို့တို့တွင် လူစည်ကားရာ လမ်းဆုံလမ်းခွနေရာများ၌ စိုက်ထူပြသထားကြောင်း သိရသည်။

Pages