သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 May 2024

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် စစ်ဆေးရေးမှူးသည် ၂၃.၅.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ ကန်တော်ကုန်းရပ်ကွက်ရှိ ဒေါ်အိစံ (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

28 May 2024

    စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦးရုံးအုပ်သည် ၂၃.၅.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်အတွင်းရှိ မျိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

28 May 2024

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီသီလတ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ယုနန္ဒာမွန် စသည့်ဌာနများပူးပေါင်း၍ 23-5-2024 ရက်နေ့၊ နံနက် (10:30) နာရီအချိန်တွင်  အမှတ်(23/5) စီ၊ သီရိမင်္ဂလာလမ်းသွယ်၊ ရန်ကင်းမြို့နယ်ရှိ  ROYA

28 May 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသောကြောင့် ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်တို့အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/ မရှိသိရှိစေရန် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ၂၁-၅-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်၊ နံနက် (11း30) နာရီအချိန်နှင့် နေ့လယ် (12း00) နာရီအချိန်တိ

28 May 2024

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက် အကျဉ်းဦးစီးဌာနတွင် ၂၀၂၄ခုနှစ်၊ မေလ (၂၄)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၄)ဦးတို့သည် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းနှင့်မိသားစု (၅၀)တို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Pages