သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ တာဝန်ခံဦးမြင့်ဌေးသည် (၂၄-၅-၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

၂၇-၅-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ယခု၂၀၂၄ခုနှစ် မိုးရာသီစပါးစိုက်ပျိုးချိန်တွင် ကျိုက်မရောမြို့နယ်ရှိ တောင်သူများမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများရရှိ၍ မိုးစပါးစိုက်ပျိုးရေးအတွက် အထောက်အကူဖြစ်သဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။


ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ဧပြီလ (၂၃) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ကော်မတီ(၂/၂၀၂၄)အစည်းအဝေးအား စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌကဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး စားသုံးရေးရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင် စုစုပေါင်း (၈) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်၊၊
