သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဦးစီးမှူးသည် (၃.၁.၂၀၂၃)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရိုးကြီးကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံ အရောင်းဆိုင်လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် သံမ္ဘရာတိုင်းကျေးရွာအုပ်စု၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့် ဝန်ထမ်းများသည် ၃.၁.၂၀၂၃ ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ မိုးညှင်းမြို့အတွင်းရှိ ကုန်စုံဆိုင်(၅)ဆိုင်အား COFFEE SHOP (very good) အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း ရှိ မရှိ ပူးပေါင်းအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားဝင်ကော်ဖီမစ်များကိုသာ ဖြန့်ဖြူရောင်းချလျက် ရှိက
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင် သန်လျင်မြို့တွင် (၂၀၂၂-၂၀၂၃) ရာသီပဲတီစိမ်းစိုက် တောင်သူများအတွက်(GAP&GHP) နည်းစနစ်အတိုင်းစိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး ဦးစီးဌာန၊ ကျွမ်းကျင်ပညာရှင်များမှ ပို့ချသောတောင်သူပညာပေး သင်တန်းကို (၁၆.၁၂.၂၀၂၂ မှ ၁၈.၁၂.၂၀၂၂)ရက်နေ့အထိ (၃)ရက်တိုင်တိုင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊
ကယားပြည်နယ် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ ပြောင်း၊ နှမ်းနှင့် ပဲအမျိုးမျိုးတို့ကိုအဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၂ ခုနှစ်အတွင်း ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ(၁၄၁၃၃)အိတ်(၇၀၇)တန်၊ ပြောင်းတင်ပို့မှုမှာ(၃၄၅၁၁၁)အိတ်(၁၆၉၀၆)တန်ခန့်၊ နှမ်းတင်ပို့မှုမှာ(၁၉၂၃၄)အိတ်(၉၄၂)တန်ခန့်၊ ပဲအမျိုးမျိုးတင်ပို့မှုမှာ(၁၀၄၆၃)အိတ်(၅၁၃)တန်ခန့် တင်ပို့ခဲ့ကြောင်း၊ အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ (၂၆၈၀၀)အိတ် (၁၃၄၀)တန်ခန့်တင်သွင်းခဲ့ကြောင်း၊ ယခင်နှစ်နှင့်နှိုင်း