
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၈း၃၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd နှင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၅) ပေပါကို ယာဥ်မောင်း ဦးစိုင်းသက်ကျော်၊ ယာဉ်အမှတ် 1M-3466 / ISUZU မော်တော်ယာဉ်နှင့် အလားတူ (၁၁း၃၀) နာရီအချိန်တွင် Myanmar Oil Alliance Co,Ltd နှင့် Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ (၉၅) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044/ Nissan မော်တော်ယာဉ်ဖြင့် တင်ဆောင်၍ ထပ်မံရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း(၁၉၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်း ကိုယ်စား လှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)