ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

               ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊ နေ့လည်၁၃:၀၀နာရီအချိန်၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေး ရေးမှူးနှင့် ဝန်ထမ်းများသည် ရှမ်းရပ်ကွက်၊ ပင်းတယမြို့နယ်တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ နေသော ဓနုမလက်ဖက်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။အဆိုပါ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း(Pre Market Surveillance)အရ စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင် ရာ  ညွှန်ကြားချက် (၂/၂၀၁၉)၊ (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိနှင့် သက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များ နှင့်ကိုက်ညီစွာဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိများအားစစ်ဆေးခြင်း၊ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှု ရှိ/မရှိ၊သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ သတ် မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCa(ရှမ်း)