သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ၆-၅-၂၀၂၄ ရက်နေ့တွင် ကြာသပတေးနေ့စကားဝိုင်းအစီအစဉ် Thursday Talk ကျင်းပပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်နှင့်တကွ အရာထမ်းများ၊ အမှုထမ်းများ၊ စုစုပေါင်း ၃၄ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်

28 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့ နယ်တာဝန်ခံတို့သည် မေလ၂၀ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “သိဒ္ဓိဆီစက်”လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

28 May 2024

      ၂၀၂၄ ခုနှစ်၊ မေလ  ၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှဦးဆောင်၍ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

28 May 2024

     ၂၀၂၄  ခုနှစ်၊  မေလ၊  ၂၅  ရက်နေ့၊  နံနက် (၁၀း၀၀) အချိန်တွင် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှဦးဆောင်၍ ကျင်းပပြုလုပ်သော စားသုံးဆီဖြန့်ဖြူးမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် ထားဝယ်၊မြိတ်၊ကော့သောင်းခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများမှ online virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

28 May 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးအတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်အမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် အစား အစာဘေးကင်းလုံခြုံမှုရှိစေရန်၊ စနစ်တကျဝယ်ယူစားသုံးနိုင်ရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ရည်ရွယ်၍ 2024ခုနှစ်၊ မေလ(၂၀)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးရှိ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်

Pages