သတင်းနှင့် လှုပ်ရှားမှုများ
မြန်မာနိုင်ငံသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များ အား စိုက်ပျိုးဖြစ်ထွန်းကြပါတယ်။ ၎င်းတို့အနက်မှ ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးသည် အရောင်အသွေး လှပသကဲ့သို့ ခန္ဓာကိုယ် အတွက်များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်း အနှစ် ရရှိရန်နှင့် အခြားသီးနှံ၊ အသားများဖြင့်ရောကြော်ခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် စားသုံးကြ ပါတယ်။ ခ
စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၂.၇.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ (မုတ္တမ)၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကုန်မျိုးစုံဆိုင်များ၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော် နှင့် ဝန်ထမ်းများသည် ၂၂.၇.၂၀၂၂ ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ကညှော်အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စားသုံးသူရေးရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၁)ဦး တို့သည် (၂၀.၇.၂၀၂၂) ရက်နေ့တွင် မုံရွာမြို့၊ ရန်ကင်းရပ်ရှိ Star စားအုန်းဆီ လက်ကားရောင်းဝယ်ရေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။