သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၆.၁.၂၀၂၃ နေ့တွင်မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ စိုး ” စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများနှင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် တောင်ကုတ်မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍ DICION-M ပုံစံတူဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ၅.၁.၂၀၂၃ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊နားခါရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ မုဒုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မုဒုံမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များ၌ ဈေးကွက်အတွင်းတွင် ဈေးနှုန်း သက်သာသော အရည်အသွေးနိမ့် မြေဩဇာများကို ထိုင်းနိုင်ငံပြည်တွင်းသုံး မြင်းပျံအိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုးပြီး အိုင်ပီစီ မြင်းပျံဓာတ်မြေဩဇာ အတုများပြုလုပ် ရောင်းချနေမှုရှိ ၊ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လက်ရှိဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ၊ စာသုံးသူကာကွယ်ရေးဥပဒေနည်းဥပဒေများ နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအားကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ စားသုံးသူများကို အသိပညာပေးရေးဆောင်ရွက်သည့်အခါ ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း(၂/၂၀၂၂)ကို ၂၉.၁၂.၂၀၂၂နေ့မှ ၃၀.၁၂.၂၀၂၂ရက်နေ့ထိ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် သထုံခရိုင်ဦးစီးမှူးရုံးတိ