သတင်းနှင့် လှုပ်ရှားမှုများ
ချင်းပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးသိန်းအောင်(ကြီး/ရေး)၊ ဒေါ်ထားမဲင်းဇိန်(ရုံးအကူ)တို့သည် ဟားခါးမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဇန်နဝါရီလ ၉ ရက်(တနင်္လာနေ့)နံနက် (၉း၃၀) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ၉.၁.၂၀၂၃ ရက်နေ့ နေ့လည် ၁၃း၀၀နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ဗန်းမော်မြို့ပေါ်ရှိလက်လီ/လက်ကား ရောင်းချနေသောကုန်မျိုးစုံဆိုင်များအားကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေပါ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ
ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၉.၁.၂၀၂၃ရက်နေ့နေ့လည် ၁၃း၀၀နာရီအချိန်တွင် လွယ်ဂျယ်မြို့၊ ကုန်သွယ်ရေးစခန်းရှိ အစည်းအဝေးခန်းမ၌ လယ်ဂျယ်နယ်စပ်ကုန်သည်များအသင်းနှင့် ရွှေဗန်းမော်ကုမ္ပဏီအဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ ချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်(၁၅) ဆိုင်တွင် တရားဝင်မှတ်ပုံထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများကို စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်စစ်ဆေးခဲ့ပါသည်။
ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးသည်၉.၁.၂၀၂၃ရက်နေ့ နံနက် ၁၁း၀၀နာရီအချိန်တွင် လွယ်ဂျယ်မြို့၊ ကုန်သွယ်ရေးစခန်းရှိ အစည်းအဝေးခန်းမ၌ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာနှင့်ပတ်သက် ၍လွယ်ဂျယ်နယ်စပ်ကုန်သည်များအသင်း ဒု- ဥက္ကဌ၊ ကုန်စည်ဒိုင်ဥက္ကဌ၊ အလုပ်အမှုဆောင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။