သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Jan 2023

         ဘီလင်းမြို့နယ်၊ လိပ်ခုံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က)ခွဲ ကျောင်း၌ ဘီလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၀.၁.၂၀၂၃) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(ဘီလင်း) ၊ မြို့နယ်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန(ဘီလင်း) တို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး) က စားသုံးသူရေးရာဦးစီးဌာန ဖွဲ့စည်းခဲ့ပုံသမိုင်းကြောင်းနှင့် ဌာန၏မျှော်မှန်

12 Jan 2023

          ၂၀၂၂ - ၂၀၂၃ ခုနှစ် ဆောင်းသီးနှံ နွေစပါးစိုက်တောင်သူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းစာချုပ်ချုပ်ဆိုခြင်းနှင့် တောင်သူများ၏ သွင်းအားစုကျပ် နှစ်သိန်းတန်ဖိုးရှိ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးမျိုးစေ့ထုတ်ပေးနိုင်ရေးအား ကော့မှူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးရုံးတွင် ဇန်နဝါရီလ (၆) ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း   သိရသည်။

12 Jan 2023

        ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ( ၁၀ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင်  ကလေးဝမြို့ (အာရုံဉီးကိုယ်ပိုင်ကျောင်း)သို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် ဆရာ/ဆရာမ ( ၇ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၁၃၅ ) ဦး၊ စုစုပေါင်း (၁၄၂ ) ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။

12 Jan 2023

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ( ၁၀.၁.၂၀၂၃ ) ရက်နေ့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရှိရပါသည်။

12 Jan 2023

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများသတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦး‌ဆောင်၍ ၉.၁.၂၀၂၃ ရ

Pages