သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
31 May 2024

      ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) ၁/၂၀၂၄ အစည်းအဝေးကို Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့စီးပွားရေးဘဏ်၊ ညွှန်ကြား ရေးမှူးချုပ်၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး

31 May 2024

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်အားကစား ခန်းမတွင် (၂၄-၅-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အားကစားလူငယ်များအား အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

31 May 2024

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလုပ်ငန်းလုပ်ငန်းများလျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

31 May 2024

    မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ (၂၄-၅-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှတာဝန်ရှိသူများသည် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းရောင်းချသောဈေးဆိုင်များသို့ကွင်းဆင်း၍ သုံးစွဲမသင့်သော အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

30 May 2024

      ၂၀၂၄ခုနှစ်၊ မေလ ၂၇ရက်နေ့တွင် တာမွေမြို့နယ်တာဝန်ခံ ဒေါ်အေးအေးမော်နှင့်ဝန်ထမ်း(၁) ဦးသည် တာမွေမြို့၊ တာမွေယာယီဈေးအတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

Pages