သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ် တာဝန်ခံ)နှင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၅.၁.၂၀၂၃)ရက်နေ့ (၁၄:၃၀)နာရီတွင် မကွေးမြို့ပေါ်ရှိကုန်စုံဆိုင်နှင့်၊ Super Market များသို့သွားရောက်ပြီး သက်တမ်းလွန်ကုန်ပစ္စည်းများ၊ စားသုံးရန် မသင့်တားမြစ်ထားသော စားသောက်ကုန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမထားသော ကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉.၁.၂၀၂၃) ရက်နေ့နံနက် (၁၀:၀၀)နာရီကလပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်၊ ကုန်သည်လမ်းရှိ ကုန်မျိုးစုံများသို့ ကုန်စည် များအပေါ်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ၂/၂၀၁၉ အား လိုက်နာမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်ပူးပေါင်း၍(၆.၁.၂၀၂၃)နေ့ (၁၁:၀၀)မှ(၁၂:၀၀)နာရီအချိန်ထိ အမှတ်(၆)ရပ်ကွက်ရှိမူလွန်(၁၀) ကျောင်းတွင်ဆရာ/ဆရာမ(၁၃)ဦး၊ ကျောင်းသား/ကျောင်သူ(၇၀)ဦး စုစုပေါင်း(၈၃)ဦးအား စားသုံးသူအသိပညာပေးဟောပြောပွဲကိုပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တာဝန်ခံသည် (၆.၁.၂၀၂၃) ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် တတောင်ကွေ့ကျေးရွာ၊ အ.မ.ကကျောင်း၌ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများ၊ ဈေးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် ၊ မိုးညိုတန်းရပ်ကွက်တွင် လယ်ယာသုံးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၉.၁.၂၀၂၃ ရက်နေ့တွင် တွေ့ဆုံ၍ လုပ်ငန်းအကြောင်း ကွင်းဆင်းလေ့လာခဲ့ပါသည်။