ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၌ “ပြည်သူအများ စားသုံးသူအခွင့်အရေးသိရှိဖို့ ဌာနပုံရိပ်မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် Thursday Talk ဆွေးနွေးဟောပြော

Powered by Drupal
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ အပတ်စဉ် ကြာသပတေးနေ့တိုင်း Thursday Talk အစီအစဉ်ကို ကျင်းပလျက်ရှိရာ ၂၄.၇. ၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းသည် “ပြည်သူအများ စားသုံးသူအခွင့်အရေးသိရှိဖို့ ဌာနပုံရိပ်မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် Online(Zoom Meeting)မှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Thursday Talk ဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်များမှ အပတ်စဉ် ကြာသပတေးနေ့တိုင်း ကျင်းပလျက်ရှိရာ ၂၄.၇.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအလှည့်သို့ တစ်ဖန် ပြန်လည်ကျရောက်လာပါသည်။ ထိုကြောင့် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းသည် “ပြည်သူအများ စားသုံး သူအခွင့်အရေးသိရှိဖို့ ဌာနပုံရိပ်မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ပြည်သူများသည် စားသုံးသူအခွင့်အရေး (၈)ချက်ကို သိရှိလိုက်နာရန်လိုကြောင်း၊ ပြည်သူများအပေါ် စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း အသိပညာပေးဟောပြောပြီး မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ ပုံရိပ်ကိုမြှင့်တင်ရန် ကြိုးစားရမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးတင်ပြသွားကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)