သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ(၂၇)ရက်နေ့၊ နံနက် (၀၈း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြိုနယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံတိုပူးပေါင်းကာ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်

၃၀.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၄ခုနှစ်၊ မေလအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း(၈)ဦး၊ အမှုထမ်း(၂၆)ဦး၊ စုစုပေါင်း (၃၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

၂၄.၅.၂၀၂၄ ရက်နေ့နှင့် ၂၅.၅.၂၀၂၄ ရက်နေ့တို့တွင် မော်လမြိုင်မြို့၊ ရတနာထွန်းပွဲရုံနယ်မြေသို့ ယာဉ်အမှတ်၊ 6B/3787 ဖြင့်တင်ဆောင်လာသော စားအုန်းဆီ တစ်ပေပါလျှင် ပိဿာ(၁၁၀)ပါရှိသည့် စားအုန်းဆီပေပါပေါင်း(၉၀)လုံးရောက်ရှိလာသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

၂၉.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

၂၈.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရုံးချုပ်မှကျင်းပပြုလုပ်သော စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏(၂/၂၀၂၄)ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးခန်း၌ Virtual စနစ်ဖြင့်တက်ရောက်ခဲ့ကြောင်းသိရပါသည်။
